Events
Medical Fair India 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-03-06 15:53:55
အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်သော Medical Fair India 2025 ကို နယူးဒေလီမြို့ရှိ၊ ဘာရတ်မန်ဒါပမ်၊ ပရဂတိမိန်ဒါန် (Bharat Mandapam, Pragati Maidan) အဆောက်အအုံ၊ ခန်းမအမှတ် ၄ နှင့် ၅ တို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Medical Fair India 2025 သည် နှစ်စဉ် မွန်ဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့၌ အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိပြီး ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းမျိုးစုံအား ခင်းကျင်းပြသမည်ဖြစ်၍ ပြပွဲနှင့်အတူ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲများသည် လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကို ပိုမိုလက်လှမ်းမီပြီး စျေးနှုန်းသက်သာစေရန် ဖြေရှင်းနည်းများကို ဆွေးနွေးကြမည်ဖြစ်သည်။
Medical Fair India 2025 ပြပွဲ၌ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကုမ္ပဏီ ၃၅၀ ကျော် ပါဝင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသူများ၊ ဖြန့်ဖြူးရောင်းချသူများကို ရှာဖွေနေသည့် နိုင်ငံတကာနှင့် အိန္ဒိယပြည်တွင်းထုတ်လုပ်သူများနှင့် ချိတ်ဆက်ကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026